ဥပဒေအသိပညာပေးသင်တန်းအမှတ်စဉ် (၃/၂၀၂၄) အခမ်းအနားကျင်းပ

မြိတ်၊ ဩဂုတ် ၂၅ ရက်

၂၅.၈.၂၀၂၄ ရက်နေ့ နေ့လယ် (၁:၀၀) အချိန် တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံးနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဥပဒေအသိပညာပေးသင်တန်းအမှတ်စဉ် (၃/၂၀၂၄) အခမ်းအနားကို မြိတ်မြို့၊ ပုလဲဧကရီခန်းမတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်း၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဦးညွန့်လွင်၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ၊ မြိတ်ခရိုင်/မြို့နယ်ဥပဒေရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)