ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်းအမှတ်စဉ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

မုံရွာ၊ ဩဂုတ်လ ၂၆ ရက်

၂၆-၈-၂၀၂၄ ရက်နေ့၊ နံနက်(၉)နာရီအချိန်၊ မုံရွာမြို့ ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်းအမှတ်စဉ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနား သို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)