နေပြည်တော်၊ စက်တင်ဘာလ ၂၄ ရက်

ရုံးခွန်အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ အပြီးသတ် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးဝင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်ထွေး၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြီးသတ်ညှိနှိုင်းဆွေးနွေး
အစည်းအဝေးတွင် လမ်းညွှန်ချက်နှင့်အညီ ရုံးခွန်အက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ (မူကြမ်း) အား အပြီးသတ် စိစစ်လေ့လာဆွေးနွေးကြပြီး ရုံးခွန်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း) တွင် လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိစေရေးအတွက် ဖြည့်စွက်ရန်လိုအပ်သည့် အချက်များတွေ့ရသဖြင့် ပြင်ဆင်သည့်ဥပဒေကို ပြဋ္ဌာန်းသင့် ကြောင်းနှင့် ပြင်ဆင်လိုသည့် ပုဒ်မများကို အပြီးသတ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
