မုံရွာ၊ ဩဂုတ်လ ၂၆ ရက်

၂၆-၈-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁)နာရီအချိန်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံး ၊အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်သည့် မျောက်ကျောက်ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနား သို့ စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
