ဥပဒေအကြောင်းသိကောင်း စရာများ ဟောပြောပွဲအခမ်းအနားဟောပြော

မကွေး၊ ဩဂုတ် ၁၅ ရက်

၁၅-၈-၂၀၂၄ ရက်နေ့ နံနက် (၉:၃၀)အချိန်တွင် မကွေးမြို့နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဥပဒေအကြောင်းသိကောင်း စရာများ ဟောပြောပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့် အမှာစကားပြောကြားပြီး သက်ဆိုင်ရာ တာဝန်ရှိသူတို့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်း သိကောင်းစရာ၊ မူးယစ်ဆေးဝါးအန္တရာအကြောင်း အသိပညာပေးဟောပြောခြင်း ၊ ဒုတိယ တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးဝင်းထွဋ်က Online ဂိမ်း၊ Online  လောင်းကစားအကြောင်းနှင့်  ဥပဒေ အကြောင်း သိကောင်းစရာများကို ဥပဒေအသိပညာပေး ဟောပြောခဲ့ပါသည်။

(သတင်းစဉ်)