ဥပဒေအသိပညာပေး ဟောပြောပွဲများကျင်းပ

မကွေး၊ ဩဂုတ် ၂၂ ရက်

၂၂-၈-၂၀၂၄ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် ငဖဲမြို့နယ်၊ အ.ထ.က ကျောင်းတွင် လည်းကောင်း၊နေ့လယ်(၁:၀၀)နာရီအချိန်တွင် ငဖဲမြို့နယ်၊ ပဒါန်း အ.ထ.က ကျောင်းတွင် လည်းကောင်း ကျင်းပပြုလုပ်သည့် ကျောင်းသား၊ ကျောင်းသူများအား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ အသိပညာပေး ဟောပြောပွဲများတွင် မြို့နယ် ဥပဒေအရာရှိ ဦးမျိုးကိုကိုဟိန်းက ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)