ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေ အသိပညာပေး သင်တန်း ပို့ချခြင်း အခမ်းအနားတက်ရောက်

မကွေး၊ ဩဂုတ် ၂၂ ရက်

၂၂-၈-၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် သရက်မြို့နယ်၊ အ.ထ.က (၁) ကျောင်း၌ လည်းကောင်း၊ နေ့လယ်(၁:၀၀)နာရီတွင် အ.ထ.က စိန်မေရီ ကျောင်း၌လည်းကောင်း ကျင်းပ သည့်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေ အသိပညာပေး သင်တန်း ပို့ချခြင်း အခမ်းအနားတွင် မြို့နယ်ဥပဒေအရာရှိ ဒေါ်နွေးနွေးလင်းနှင့် ဒုတိယမြို့နယ် ဥပဒေအရာရှိ ဦးဝေယံထွန်းတို့က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး အသီးသီးဟောပြောပွဲ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)