ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး အသိပညာပေးဟောပြောပွဲတက်ရောက်

မကွေး၊ ဩဂုတ် ၂၁ ရက်

၂၁-၈-၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် စေတုတ္တရာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌  ကျင်းပပြုလုပ်သော ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး အသိပညာပေး Talk Show  တွင် မြို့နယ်ဥပဒေအရာရှိ(တာဝန်)ဒေါ်ရှယ်ရတနာဦးမှ ကလေးအလုပ် သမားနှင့် သက်ဆိုင်သည့် ဥပဒေများကို  ဆွေးနွေးဟောပြောခဲ့ကြောင်းသတင်းရရှိပါသည်။

(သတင်းစဉ်)