မကွေး၊ ဩဂုတ် ၂၆ ရက်

၂၆-၈-၂၀၂၄ ရက်နေ့တွင် သရက်မြို့၊ မြို့တော်ခန်းမ၌ အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေအကြောင်းကို သရက်ခရိုင်ဥပဒေအရာရှိ ဦးလှမြင့်က လည်းကောင်း၊ ၂၉-၈-၂၀၂၄ ရက်နေ့တွင် သရက်မြို့၊ အ.ထ.က (၁)၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ မူးယစ် ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ ကျောင်းသူ၊ ကျောင်းသားများ ဖြစ်ပွားလေ့ရှိသော ရာဇသတ်ကြီးဥပဒေအကြောင်းကို ဒုတိယခရိုင်ဥပဒေအရာရှိ ဦးကျော်မင်းထွန်း ကလည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
