မကွေး၊ ဩဂုတ် ၃၀ ရက်

၃၀-၈-၂၀၂၄ ရက်နေ့တွင် ကျရောက်သည့် ဥပဒေရေးရာဝန်ကြီးဌာန၏ ၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို နံနက် (၇:၃၀)အချိန်တွင် မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ပါမောက္ခဦးလှအောင် ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ တက်ရောက် ခဲ့ပြီး တိုင်းဒေသကြီးဥပဒေချုပ်က အဖွင့်အမှာစကား မြွက်ကြားခြင်း၊ အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ခြင်း၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ပေးပို့သည့် Viedo Clip ဖွင့်လှစ်ပြသခြင်း၊ မွေးနေ့ကိတ်လှီးဖြတ် ခြင်း၊ ဥပဒေအရာရှိနှင့် ဝန်ထမ်းများအား လက်ဆောင်မဲဖောက်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
(သတင်းစဉ်)
