ဥပဒေအသိပညာပေး ဟောပြောပွဲများကျင်းပ

မကွေး၊ စက်တင်ဘာလ ၃ ရက်

၃-၉-၂၀၂၄ ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် ချောက်မြို့၊ အ.ထ.က (၁) ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေ၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲ၌ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးအာကာကျော်က  ဆွေးနွေး ဟောပြော ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)