ဆွမ်းဆန် နှင့် စားသုံးဆီလောင်းလှူပွဲအခမ်းအနား တက်ရောက်

မုံရွာ၊ ဩဂုတ်လ ၁၂ ရက်

၃၁-၈-၂၀၂၄ ရက်နေ့ ၊ မုံရွာမြို့ ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့၌  ကျင်းပပြုလုပ် သည့် သံဃာတော်အပါး (၃၀၀) (ပဉ္စမ) အကြိမ် ဆွမ်းနှင့်ဆွမ်းဟင်းလောင်းလှူပွဲ နှင့် သီလရှင်အပါး(၃၀၀) (ပထမ)အကြိမ် ဆွမ်းဆန် နှင့် စားသုံးဆီလောင်းလှူပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)