မူဆယ်၊ ဩဂုတ်လ ၂၃ ရက်

၂၃-၈-၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် မူဆယ်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းတွင်ကျင်းပပြုလုပ်သည့် ရာဇသတ်ကြီး၊ လောင်းကစားဥပဒေ၊ မူယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းတာဝန် တို့အကြောင်းကို မူဆယ်ခရိုင်ဥပဒေရုံး၊ ခရိုင်ဥပဒေအအရာရှိ ဦးဆန်းထွဋ်နှင့် မူဆယ်မြို့နယ်ဥပဒေရုံး၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးချစ်ပိုင်သူတို့က တက်ရောက်ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
