မကွေး၊ နိုဝင်ဘာလ ၂ ရက်

၂-၁၁-၂၀၂၄ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် မကွေးမြို့၊ မြို့တော်ခန်းမတွင် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ဥပဒေချုပ်ရုံးနှင့် ပညာရေးမှူးရုံးတို့ ပူးပေါင်း ဖွင့်လှစ်သည့် Grade 11 နှင့် Grade 12 တွင် သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ များအား ဥပဒေဘာသာရပ် သင်ကြားပေးနိုင်ရန် ဆရာ၊ ဆရာမများအား ဥပဒေအသိပညာ ပြန့်ပွားရေး ဆရာ ဖြစ်သင်တန်း Training of Trainer (TOT) ဖွင့်ပွဲအခမ်းအနား ကျင်းပရာ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲရေးဌာနချုပ်မှူး၊ မကွေးလေတပ် စခန်းဌာနချုပ်မှူး၊ တရားသူကြီး ချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ သင်တန်းပို့ချမည့် ဥပဒေအရာရှိများ၊ တိုင်းဒေသကြီး အတွင်းရှိ ဥပဒေအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
