သံဃာတော်အပါး(၅၀၀)အား ဗုဒ္ဓပူဇနိယဆွမ်းသပိတ် အလုံး (၅၀၀) လောင်းလှူပွဲအခမ်းအနားတွင် ပါဝင်လောင်းလှူ

စစ်ကိုင်း၊ အောက်တိုဘာလ ၁၀ ရက်

၁၀-၁၀-၂၀၂၄ ရက်နေ့ ၊ နံနက် (၅)နာရီအချိန် ၊ မုံရွာမြို့ ၊ ဆုတောင်းပြည့်စေတီတော် မြတ်ကြီးတွင်  ကျင်းပပြုလုပ်သည့် သံဃာတော်အပါး(၅၀၀)အား ဗုဒ္ဓပူဇနိယဆွမ်းသပိတ် အလုံး (၅၀၀) လောင်းလှူပွဲအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လောင်းလှူခဲ့ပါသည်။

(သတင်းစဉ်)