ထားဝယ်၊ နိုဝင်ဘာလ ၁၆ ရက်

၁၆.၁၁.၂၀၂၄ ရက်နေ့ နံနက် (၀၉၀၀)အချိန် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade 11 နှင့် Grade 12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဉ် (၁) ဖွင့်ပွဲအခမ်း အနားကို ထားဝယ်မြို့၊ အ.ထ.က(၃)ခန်းမတွင် ကျင်းပခဲ့ ရာ တိုင်းဒေသကြီးဥပဒေချုပ်၊တိုင်းဒေသကြီးဥပဒေအရာရှိ၊ တိုင်းဒေသကြီးပညာရေးမှူး၊ တိုင်းဒေသ ကြီးဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများ၊ ထားဝယ်ခရိုင်ဥပဒေအရာရှိ၊ ထားဝယ်မြို့နယ်ဥပဒေအရာရှိ၊ ထားဝယ် ခရိုင်ပညာရေးမှူး၊ ထားဝယ်မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ စုစုပေါင်းအင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
