ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade 11 နှင့် Grade 12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ်၊ နိုဝင်ဘာလ ၂၁ ရက်

၂၁.၁၁.၂၀၂၄ ရက်နေ့ နေ့လယ် (၂း၀၀)အချိန် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade 11 နှင့် Grade 12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲအခမ်းအနားကို ထားဝယ်မြို့၊ အ.ထ.က (၃)ခန်းမ တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးဥပဒေအရာရှိ၊ တိုင်းဒေသကြီးပညာရေးမှူး၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိများ၊ ထားဝယ်ခရိုင်ဥပဒေအရာရှိ၊ ထားဝယ်မြို့နယ်ဥပဒေ အရာရှိ၊ ထားဝယ်ခရိုင်ပညာရေးမှူး၊ ထားဝယ်မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ စုစုပေါင်းအင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါ သည်။

(သတင်းစဉ်)