မော်လမြိုင်၊ နိုဝင်ဘာလ ၂၁ ရက်

၂၁-၁၁-၂၀၂၄ ရက်နေ့ ၀၉:၀၀ အချိန် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ်အားကစားအသင်းများ သဩဝါဒခံယူပွဲ၊ ချီးမြှင့် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့်အတူ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ်မှ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
