ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း(ကမ္ဘာ့ကလေးများနေ့) အထိမ်း အမှတ်အခမ်းအနားသို့ တက်ရောက်

မကွေး၊ နိုဝင်ဘာလ ၂၁ ရက်

၂၁-၁၁-၂၀၂၄ ရက်နေ့ နံနက်(၉:၀၀)နာရီက မကွေးမြို့နယ်၊ စုပေါင်းရုံးခန်းမ၌ ကျင်းပသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း(ကမ္ဘာ့ကလေးများနေ့) အထိမ်း အမှတ်အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊  တိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ကော်မတီဝင်များ၊ မကွေးတိုင်းဒေသကြီးအတွင်း ကလေးသူငယ်အခွင့်အရေးကို ဆောင်ရွက် နေကြသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကလေးသူငယ် များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)