အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းများမှ လုပ်ငန်းထူထောင်လိုသည့် ထူးချွန်သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲနှင့် ထူးချွန်ဆုပေးအပ်ပွဲ  အခမ်းအနားသို့   တက်ရောက်

မုံရွာ၊ နိုဝင်ဘာလ ၁၃ ရက်

၁၃-၁၁-၂၀၂၄ ရက်နေ့၊ နံနက်(၉)နာရီအချိန်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ကျင်းပပြုလုပ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေး နှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းများမှ လုပ်ငန်းထူထောင်လိုသည့် ထူးချွန် သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲနှင့် ထူးချွန်ဆုပေးအပ်ပွဲ  အခမ်းအနား သို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီးဝန်ကြီးများ ၊  တိုင်းဒေသကြီးဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)