မြစ်ကြီးနားမြို့၊ အခြေခံပညာကျောင်းများတွင် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့မှုအား သွားရောက်အားပေး

မြစ်ကြီးနား၊ အောက်တိုဘာလ ၁၂ ရက်

(၁၂.၁၀.၂၀၂၄) ရက်နေ့ နံနက် (၀၇:၃၀) အချိန်တွင် မြစ်ကြီးနားမြို့၊ အခြေခံပညာကျောင်းများတွင် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့မှုအား ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးတို့က သွားရောက်အားပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)