မော်လမြိုင်၊ နိုဝင်ဘာလ ၂၉ ရက်

၂၉-၁၁-၂၀၂၄ ရက်နေ့ ၀၉:၀၀ အချိန် မော်လမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ အ-လ-က(၈) သစ္စာခန်းမ၌ ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ရာဇဝတ်မှု၊ တရားမမှု၊ အထူး ဥပဒေ၊ ဒေသန္တရဥပဒေ၊ တရားဥပဒေစိုးမိုးရေးရှိရန်လိုအပ်ပုံနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်း အကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အခန်း(၆) ပါတရားစီရင်ရေးပြဋ္ဌာန်းချက်များ၊ အခန်း(၇) တပ်မတော် ပြဋ္ဌာန်းချက်များကို အကျယ်တဝင့် ရှင်းလင်းသင်ကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
