မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးနှင့် တိုင်းဒေသကြီး ပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် Grade 11 နှင့် Grade 12တွင် သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ဥပဒေဘာသာရပ် သင်ကြားပေးနိုင်ရန် ဆရာ၊ ဆရာမများအား ဥပဒေအသိပညာ ပြန့်ပွားရေးဆရာဖြစ်သင်တန်း Training of Trainer (TOT) အမှတ်စဉ် (၃)နှင့်(၄) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

မကွေး၊ ဒီဇင်ဘာလ ၁၂ ရက်

၁၂-၁၂-၂၀၂၄ ရက်နေ့ ညနေ(၃:၀၀)နာရီအချိန်တွင် မကွေးမြို့၊ မြို့တော်ခန်းမတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးနှင့် တိုင်းဒေသကြီး ပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် Grade 11 နှင့် Grade 12တွင် သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ဥပဒေဘာသာရပ် သင်ကြားပေးနိုင်ရန် ဆရာ၊ ဆရာမများအား ဥပဒေအသိပညာ ပြန့်ပွားရေးဆရာဖြစ်သင်တန်း Training of Trainer (TOT) အမှတ်စဉ် (၃)နှင့်(၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်း လေတပ် ကွပ်ကဲရေးဌာနချုပ်မှူး၊ မကွေးလေတပ် စခန်းဌာနချုပ်မှူး၊ တရားသူကြီးချုပ်၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်ဦးတင့်ဝေ၊ တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်၊     တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊  သင်တန်းပို့ ချမည့် ဥပဒေအရာရှိများ၊ တိုင်းဒေသကြီး အတွင်းရှိဥပဒေအရာရှိများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ (၃၀၀)ဦးနှင့် အင်အားစုစုပေါင်း (၃၉၉)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

(သတင်းစဉ်)