မကွေး၊ ဒီဇင်ဘာလ ၁၁ ရက်

၁၁-၁၂-၂၀၂၄ ရက်နေ့ မွန်းလွဲ(၃:၀၀)နာရီအချိန်က အုန်းတွဲကျေးရွာတွင် ဒေသခံပြည်သူများ နှင့် ကျောင်းသားလူငယ်များ စာအုပ်စာပေအလွယ်တကူစာပေဖတ်ရှုလေ့လာ နိုင်စေရန် စာကြည့် တိုက်အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေအရာရှိ ဦးတင့်ဝေ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
