မကွေး၊ ဒီဇင်ဘာလ ၁၁ ရက်

၁၁-၁၂-၂၀၂၄ ရက်နေ့ နံနက်ပိုင်းက အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် (မကွေးဘဏ်ခွဲ)ဖွင့်ပွဲအခမ်းနားကို အဆိုပါဘဏ်ခွဲ၌ ကျင်းပရာ အခမ်းအနားသို့ မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မိုးမင်းသိန်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး ဥပဒေအရာရှိ ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၏ ဒုတိယဥက္ကဋ္ဌ ဦးငြိမ်းကျော်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
