(၇၇)ကြိမ်မြောက်၊ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာဖတ်ကြားပွဲအခမ်းအနားသို့ တက်ရောက်ပြီး မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးကလည်း စတုဒီသာများကျွေးမွေးလှူဒါန်း

မကွေး၊ ဇန်နဝါရီလ ၄ ရက်

၄-၁-၂၀၂၅ ရက်နေ့ နံနက်(၆:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပသည့် (၇၇)ကြိမ်မြောက်၊ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာဖတ်ကြားပွဲအခမ်းအနားသို့ မကွေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေ ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်၊ တိုင်းဒေသကြီး အဆင့်၊ ခရိုင်အဆင့်၊  မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ဝန်ကြီးဌာနအလိုက် စတုဒီသာမဏ္ဍာပ်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ရာ မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးကလည်း စတုဒီသာများကျွေးမွေးလှူဒါန်းခဲ့ကြောင်း သတင်းရရှိ ပါသည်။

(သတင်းစဉ်)