(၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ကချင်ရိုးရာမနောတိုင်စိုက်ထူပွဲ အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ ဇန်နဝါရီ ၅ ရက်

(၅.၁.၂၀၂၅)ရက်နေ့ နံနက်(၀၉း၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံးရှေ့မြက်ခင်းပြင်တွင် ကျင်းပပြုလုပ်သည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ကချင်ရိုးရာမနောတိုင်စိုက်ထူပွဲ အခမ်းအနားသို့ ကချင် ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကချင်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ် ဥပဒေအရာရှိဦးကပ်တလွန်းတို့မှ တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)