မကွေး၊ ဇန်နဝါရီလ ၅ ရက်

၅-၁-၂၀၂၅ ရက်နေ့က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဆိုပြိုင်ပွဲနှင့် အခြေခံပညာအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေ ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်းအသီးသီးမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် များမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆုရပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
(သတင်းစဉ်)
