ဆမားဒူဝါဆင်ဝါးနော်ခမ်းမတွင် e-Goverment ဆိုင်ရာ အထောက်အကူပြု အခြေခံသင်တန်းအမှတ်စဉ် (၂/၂၀၂၄) နှင့် အဆင့်မြင့်သင်တန်းအမှတ်စဉ်(၂/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား၊ နိုဝင်ဘာလ ၆ ရက်

(၆.၁၁.၂၀၂၄)ရက်နေ့ နံနက်(၀၉၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ ဆမားဒူဝါဆင်ဝါးနော်ခမ်းမတွင်e-Goverment ဆိုင်ရာ အထောက်အကူပြု အခြေခံသင်တန်းအမှတ် စဉ် (၂/၂၀၂၄)နှင့် အဆင့်မြင့်သင်တန်းအမှတ်စဉ်(၂/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ကချင် ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေးနှင့် ပြည်နယ်ဥပဒေအရာရှိဦးကပ်တလွန်းတို့   တက်ရောက်ခဲ့ ကြောင်း သတင်းရရှိခဲ့ပါသည်။

(သတင်းစဉ်)