Grade 11 နှင့် Grade 12 ဆရာများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးဆရာဖြစ် သင်တန်းဆင်းပွဲ အခမ်းအနားတွင် ကချင်ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ဥပဒေအရာရှိ၊ ကချင်ပြည်နယ်ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိ(သင်တန်းဆရာ/ဆရာမ)များ  တက်ရောက်

မြစ်ကြီးနား၊ နိုဝင်ဘာလ ၂၉ ရက်

(၂၉.၁၁.၂၀၂၄)ရက်နေ့ (၀၉၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ အထက(၁) အေးမြသီတာခန်းမတွင် Grade 11 နှင့် Grade 12 ဆရာများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးဆရာဖြစ် သင်တန်းဆင်းပွဲ အခမ်းအနားအား ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့် အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး၊ ပြည်နယ်ဥပဒေအရာရှိဦးကပ်တလွန်း၊ ကချင် ပြည်နယ်ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိ(သင်တန်းဆရာ/ဆရာမ)များ  တက်ရောက်ခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။

(သတင်းစဉ်)