မြစ်ကြီးနား၊ နိုဝင်ဘာလ ၂၉ ရက်

(၂၉.၁၁.၂၀၂၄)ရက်နေ့ (၀၉၀၀)အချိန်တွင် မြစ်ကြီးနားမြို့၊ အထက(၁) အေးမြသီတာခန်းမတွင် Grade 11 နှင့် Grade 12 ဆရာများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးဆရာဖြစ် သင်တန်းဆင်းပွဲ အခမ်းအနားအား ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်များနှင့် အတူ ကချင်ပြည်နယ်ဥပဒေချုပ်ဒေါ်နန်းလှလှအေး၊ ပြည်နယ်ဥပဒေအရာရှိဦးကပ်တလွန်း၊ ကချင် ပြည်နယ်ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိ(သင်တန်းဆရာ/ဆရာမ)များ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။
(သတင်းစဉ်)
