ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော “ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း” အခမ်းအနားသို့ တက်ရောက်

ဘားအံ၊ ဒီဇင်ဘာလ ၉ ရက်

၉.၁၂.၂၀၂၄  ရက်နေ့ နံနက် (၇:၃၀) နာရီ အချိန်တွင် ဘားအံမြို့၊ ဘားအံတက္ကသိုလ်၊ ဘွဲ့နှင်းခန်းမတွင် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော “ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း” အခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ  ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ပြည်နယ်အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)