ဘားအံ၊ ဒီဇင်ဘာလ ၁၄ ရက်

၁၄.၁၂.၂၀၂၄ ရက်နေ့ နံနက် (၀၉:၀၀) နာရီ အချိန်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ်၊ ကော့တရုတ်ရကျေးရွာအုပ်စု၊ ကော့တရုတ်ရ ကျေးရွာရှိ “ ပညာဝတ်ရည်” စာကြည့်တိုက်ဖွင့်ပွဲနှင့် အုပ်ချုပ်ရေးမှူးရုံးသစ်ဖွင့်ပွဲ အခမ်းအနားသို့ ကရင်ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်မှ တက်ရောက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ပြည်နယ် အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
