နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၅)တွင် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်ကလမ်းညွှန်ပို့ချ

နေပြည်တော်၊ ဇန်နဝါရီ ၂၃

ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်းတွင် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၈ရက်နေ့မှ မတ်လ ၂၈ရက်နေ့အထိ ဖွင့်လှစ်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းအကြီးအမှူး များအတွက်ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၅)တွင်ပြည်ထောင်စုဝန်ကြီးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဝင် နှင့် ဥပဒေရေးရာဝန်ကြီးဌာန၏ သက်ဆိုင်ရာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးပို့ချပေးမည်ဖြစ်ပါသည်။

သင်ကြားပို့ချ

          ၂၃-၁-၂၀၂၅ရက်နေ့တွင်ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်ဒေါက်တာသီတာဉီး က ဥပ‌ဒေရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုများ ဘာသာရပ်ကို ပို့ချခဲ့ကြောင်းသိရသည်။ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်က သင်တန်းသားများကို ဥပဒေရေးရာဝန်ကြီးဌာနပေါ်ပေါက်လာပုံ၊ ဝန်ကြီးရုံးနှင့်ဦးစီးဌာနလေးခုတို့၏ လုပ်ငန်းတာဝန်များ၊ မဟာဗျူဟာစီမံကိန်း (၂၀၂၅-၂၀၂၉) ပြည်သူ့အတွက် တည်ဆောက်လျက် ဥပဒေယုံကြည်ချက် (Building Legal Trust for the People) ပါ ပန်းတိုင်(၅)ရပ်၊ ပြည်ထောင်စုရှေ့နေချုပ် ဥပဒေနှင့်နည်းဥပဒေပါ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ ဥပဒေရေးရာဝန်ကြီးဌာန၏ ပြင်ဆင်ပြောင်းလဲမှုများတို့ကိုဆွေးနွေးပို့ချပေးခဲ့ပြီး သင်တန်းသားများမှ သိရှိလိုသည်များကိုမေးမြန်းသည့်မေးခွန်းများအားပြန်လည်ဖြေကြားခဲ့ပါသည်။

သင်တန်းသို့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်‌ထောင်စုဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ စုစုပေါင်း (၂၇) ဦး တက်ရောက်လျက်ရှိပြီး လမ်းညွှန်ပို့ချမှုအပြီးတွင် ဥပဒေ ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒုတိယ ရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းဆရာများနှင့် သင်တန်းသားများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)