ပဲခူး၊ ဇန်နဝါရီလ ၆ ရက်

ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံးနှင့် တိုင်းဒေသကြီးပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် Grade-11 နှင့် Grade-12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ်(၄)ကို ၆−၁−၂၀၂၅ ရက်နေ့မှ ၁၆−၁−၂၀၂၅ ရက်နေ့အထိ သာယာဝတီမြို့၊ အ.ထ.က(၁)၊ ပညာ့အားမာန်ခန်းမ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပဲခူး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးမျိုးဝင်းအောင်၊ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ်ဥပဒေအရာရှိများနှင့် သင်တန်းသား ဆရာ၊ ဆရာမ(၉၈)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၆−၁−၂၀၂၅ ရက်နေ့မှ ၁၆−၁−၂၀၂၅ ရက်နေ့အထိ ဖြစ်ပါကြောင်း သတင်းရရှိ ပါသည်။
(သတင်းစဉ်)
