ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့၏ ဖိတ်ကြားချက် တို့အရ အဆိုပါဌာနများမှ အရာထမ်း၊ အမှုထမ်းများအတွက် ဥပဒေအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

ပဲခူး၊ ဇန်နဝါရီလ ၃၁ ရက်

၃၁−၁−၂၀၂၅ ရက်နေ့ ၁၃:၀၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်၏လမ်းညွှန်ချက်၊ ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့၏ ဖိတ်ကြားချက် တို့အရ အဆိုပါဌာနများမှ အရာထမ်း၊ အမှုထမ်းများအတွက် ဥပဒေအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၌ ကျင်းပခဲ့ရာ ပဲခူးတိုင်း ဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ပြုစုထုတ်ဝေသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ နှင့် အခြားဥပဒေများမှ သိမှတ်ဖွယ်ရာစာအုပ်များအား ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနများသို့ လှူဒါန်းခဲ့ကြောင်း၊ ထို့နောက် လက်ထောက် တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးအေးကိုက ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများမှ ဥပဒေဆိုင်ရာသိမှတ်ဖွယ်ရာများကို ဟောပြောခဲ့ပါ ကြောင်းနှင့် ဟောပြောပွဲသို့ ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် သမဝါယမ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်း(၅၀)ဦး တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)