၂၀၂၄-၂၀၂၅ ခုနှစ် ၊ ဆောင်းသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု (ဓာတ်မြေဩဇာနှင့် ဒီဇယ်ဆီ) ထောက်ပံ့ပွဲ အခမ်းအနားသို့ တက်ရောက်

မုံရွာ၊ ဇန်နဝါရီလ ၂၂ ရက်

၂၂-၁-၂၀၂၅ ရက်နေ့ ၊ နံနက်(၉)နာရီအချိန် ၊ မုံရွာမြို့ ၊ တိုင်းဒေသကြီးဦးစီးမှူးရုံး ၊ စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ခုနှစ် ၊ ဆောင်းသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု (ဓာတ်မြေဩဇာနှင့် ဒီဇယ်ဆီ) ထောက်ပံ့ပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၊ တိုင်းဒေသကြီး ဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)