ပဲခူးတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/ ၂၀၂၅)ကို ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်

ပဲခူး၊ ဖေဖော်ဝါရီ ၁၄ ရက်

၁၄−၂−၂၀၂၅ ရက်နေ့ ၁၃:၀၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/ ၂၀၂၅)ကို ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြ၍ ပြည်သူကိုအဓိကထားပြီး ဥပဒေအသိပညာပေးရာတွင် ပြည်သူများအလွယ်တကူနားလည်သိရှိနိုင် စေရန် စိတ်ကူးပုံဖော်ရေးဆွဲထားသော ကာတွန်းရုပ်ပုံ(၁၀)မျိုးစီကို စိစစ်ရွေးချယ်ခြင်း၊ ၂၀၂၅ ခုနှစ် အတွင်း ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်(၉)ချက်ကို အဖွဲ့ဝင်များသို့ သိရှိနိုင်စေရန်ဖြန့်ဝေ ဆွေးနွေးခြင်း၊ မိမိတို့အဖွဲ့ခွဲအနေဖြင့် ဥပဒေအသိပညာပေးဟောပြောပွဲများ ပြုလုပ်နိုင်ရေး၊ လက်ကမ်းစာစောင်များဖြန့်ဝေနိုင်ရေး စသည့်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြ ပါကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)