ဥပဒေရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းသက်သာဆိုင်ဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် မတ် ၁၀

ဥပဒေရေးရာဝန်ကြီးဌာန၊ ရုံးအမှတ် ၂၅ ၏ ရုံးရှေ့မျက်နှာစာတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းသက်သာဆိုင်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံးရှေ့ရှိ ဝန်ထမ်းသက်သာဆိုင်ရှေ့တွင် ကျင်းပခဲ့ပါသည်။

ဥပဒေရေးရာဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အပ်ကုန်စနစ်ဖြင့် ဝန်ထမ်းသက်သာဆိုင်ခန်း ဖွင့်လှစ်ရောင်းချနိုင်သည့်အတွက် ဥပဒေရေးရာဝန်ကြီး ဌာနရှိ ဝန်ထမ်းများမှာ ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်ကြောင်း သိရှိရပါသည်။

ဝန်ထမ်းသက်သာဆိုင်တွင် အခြေခံစားကုန် ပစ္စည်းများဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် အပါအဝင် လူသုံးကုန်ပစ္စည်းများနှင့် ဥပဒေစာအုပ်များကို ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

အဆိုပါ ဝန်ထမ်းသက်သာဆိုင် ဖွင့်ပွဲအခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး၊ ဥပဒေရေးရာဝန်ကြီး ဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနတို့မှ   ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

                                                                                                               (သတင်းစဉ်)