အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် ကြာချည်ကို အသုံးပြု၍ ကြာချည်(အတိုင်)ကျစ် နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

မကွေး၊ မတ်လ ၁၀ ရက်

၁၀-၃-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် ကြာချည်ကို အသုံးပြု၍ ကြာချည်(အတိုင်)ကျစ် နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားသို့ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်၊  တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် ဝန်ထမ်းများ  တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)