မကွေးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေး၊ မတ်လ ၁၀ ရက်

၁၀-၃-၂၀၂၅ ရက်နေ့ နံနက်(၈:၀၀)နာရီအချိန်က မကွေးမြို့၊ တိုင်းဒေသကြီးအားကစားကွင်း ဖူဆယ်အားကစားခန်းမ၌ မကွေးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  တိုင်းဒေသကြီး ဥပဒေချုပ် ဦးတင့်ဝေ၊  တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အားကစားဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူ လူငယ်မောင်/မယ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)