သမဝါယမစာရင်းစာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း(မကွေး)ရှိ ထမင်းစားဆောင် RC(၁)ထပ် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မကွေး၊ ဖေဖော်ဝါရီ ၉ ရက်

 ၉-၂-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက သမဝါယမစာရင်းစာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း(မကွေး)ရှိ ထမင်းစားဆောင် RC(၁)ထပ် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားသို့ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်၊  တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ ဆရာ၊ ဆရာမမများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် ဝန်ထမ်းများ  တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

(သတင်းစဉ်)