တောင်တွင်းကြီး၊ ဖေဖော်ဝါရီ ၁၉ ရက်

၁၉-၂-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက တောင်တွင်းကြီးမြို့၊ ရန်ပယ်အားကစားကွင်း၌ (၇၇)နှစ် မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေအရာရှိ ဦးတင့်ဝေ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူများ စုံညီစွာတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
