စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ အကြမ်း ဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိနေသည့် တိုက်ပွဲရှောင်ပြည်သူများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်

မုံရွာ၊ ဖေဖော်ဝါရီ ၁၉ ရက်

၁၉-၂-၂၀၂၅ ရက်နေ့ ၊ နံနက် (၁၀)အချိန်၊ မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ ချင်းတွင်း ခန်းမ၌ ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့အကြမ်းဖက် ဖြစ်စဉ်များကြောင့် ရောက်ရှိနေသည့် တိုက်ပွဲရှောင်ပြည်သူများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးဝန်ကြီးများ ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)