ပဲခူး၊ ဖေဖော်ဝါရီ ၁၈ ရက်

၁၈−၂−၂၀၂၅ ရက်နေ့ ၀၉:၀၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်၏လမ်းညွှန်ချက်၊ ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့၏ ဖိတ်ကြား ချက်တို့အရ အဆိုပါ ဌာနမှ အရာထမ်း၊ အမှုထမ်းများအတွက် ဥပဒေအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာန၌ ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်တင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ပြုစုထုတ်ဝေသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေနှင့် အခြား ဥပဒေများမှ သိမှတ်ဖွယ်ရာစာအုပ်များအား ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာနသို့ လှူဒါန်းခဲ့ ကြောင်း၊ ထို့နောက် ဒုတိယတိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်ဥမ္မာလွင်နှင့် လက်ထောက် တိုင်းဒေသကြီးဥပဒေအရာရှိ ဦးအေးကိုတို့က နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတို့မှ ဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများကို ဟောပြောခဲ့ပါကြောင်းနှင့် ဟောပြောပွဲသို့ ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်း(၆၅)ဦး တက်ရောက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
