မကွေး၊ ဖေဖော်ဝါရီ ၁၈ ရက်

၁၈-၂-၂၀၂၅ ရက်နေ့နံနက်(၈:၀၀)နာရီအချိန်က မကွေးမြို့၊ အောင်မြေရတနာကျောင်းတိုက် ၌ မကွေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့(အနားယူ)(အစားထိုး) ရွေးချယ်ခြင်းဆိုင်ရာ အခမ်းအနား သို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်ဦးတင့်ဝေ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
