မကွေး၊ မတ်လ ၄ ရက်

၄-၃-၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး နှင့် မကွေးခရိုင်ဥပဒေရုံး၊ မင်းဘူးခရိုင်ဥပဒေရုံး၊ မကွေးမြို့နယ် ဥပဒေရုံး၊ မင်းဘူးမြို့နယ်ဥပဒေရုံး တို့မှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၀၀) ဦးတို့အား မီးဘေးအန္တရာယ်လုံခြုံရေး အသိပညာ ပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်နည်းလက်တွေ့သရုပ်ပြသခြင်းများကို မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးလှိုင်ဦးဆောင်သည့် မီးသတ် တပ်ဖွဲ့မှ လက်တွေ့ဆောင်ရွက်ပေးခဲ့ကြပြီး အရာထမ်း၊ အမှုထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
