နေပြည်တော်၊ မတ်လ ၅

တရားလွှတ်တော်ရှေ့နေများကောင်စီအစည်းအဝေးအမှတ်စဉ် ၁/၂၀၂၅ ကို ဥပဒေရေးရာဝန်ကြီးဌာန၊ အလယ်ထပ် အစည်းအဝေးခန်းမ၊ ရုံးအမှတ် ၂၅၊ နေပြည်တော်၌ ယနေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ပါသည်။
အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားသည့် အထက်တန်းရှေ့နေ ၄၉၉ ဦးအား တရားလွှတ်တော်ရှေ့နေများကောင်စီက ကန့်ကွက်ရန် ရှိ/မရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သဘောထားတောင်းခံသည့်ကိစ္စ၊ ရှေ့နေကျင့်ဝတ် ဖောက်ဖျက်သည့် တရားလွှတ်တော်ရှေ့နေများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သဘောထားတောင်းခံသည့်ကိစ္စ၊ ရှေ့နေရှေ့ရပ်များအား သင်တန်းပေးရန်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားသည့် ဘွဲ့လွန်ဥပဒေပညာ ဒီပလိုမာသင်တန်း {Post Graduate Diploma in law (P.G.D.L)}၊ ဘွဲ့လွန်ဒီပလိုမာသင်တန်း {Post Graduate Diploma (DL)}၊ Online Law နှင့် နောင်တွင်ရရှိမည့် B.A (Law) ရရှိသူများနှင့် စပ်လျဉ်း၍ နည်းဥပဒေပြင်ဆင်နိုင်ရန်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေများကောင်စီ၏ ရုံးမြေနေရာ ပြောင်းလဲလျှောက်ထားသည့်ကိစ္စနှင့် တရားလွှတ်တော်ရှေ့နေများကောင်စီရုံးခွဲ(ရန်ကုန်)၏ ဆိုင်းဘုတ်ကိစ္စတို့အပါအဝင် စသည့်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၊ တရားလွှတ်တော်ရှေ့နေများကောင်စီဥက္ကဋ္ဌ ဒေါက်တာသီတာဦး ဦးဆောင်၍ တရားလွှတ်တော်ရှေ့နေများကောင်စီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်၊ တရားလွှတ်တော်ရှေ့နေများကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ တရားလွှတ်တော်ရှေ့နေများကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)
