ထားဝယ်၊ မတ်လ ၅ ရက်

၅.၃.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန် တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး နှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဥပဒေ အသိပညာပေးဟောပြောပွဲကို တနင်္သာရီ တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနရုံး၌ ကျင်းပရာ ဒုတိယတိုင်းဒေသကြီးဥပဒေအရာရှိ ဦးခင်မောင်မြင့်(ဥ/၂၄၉၃)နှင့် တာဝန်ရှိသူများ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ အရာ ထမ်း၊ အမှုထမ်း များ စုစုပေါင်းအင်အား(၂၈)ဦး တက်ရောက်ခဲ့ကြပြီးဒုတိယတိုင်းဒေသကြီးဥပဒေအရာရှိဦးခင်မောင်မြင့် (ဥ/၂၄၉၃) က တိုင်းရင်းဆေးဝါးဥပဒေ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို ရှင်းလင်းဆွေးနွေးဟောပြောပို့ချခဲ့ပါသည်။
(သတင်းစဉ်)
