မကွေး၊ မတ်လ ၆ ရက်

၆-၃-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့၊ အမှတ်(၁၊ ၃၊ ၄) အခြေခံပညာ အထက်တန်း ကျောင်းများသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေ၊ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီး ဌာနမှူး ဒေါက်တာအောင်မြင့်ဦးနှင့် တိုင်းဒေသကြီး အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်၍ (Grade-5) နှင့် (Grade-9) ကျောင်းသား၊ ကျောင်းသူများ ပြီးမြောက်မှုစာမေးပွဲ ဖြေဆိုနေမှုကို ကြည့်ရှုအားပေးကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအလေးထား ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
